ဟူစတန်မြို့နဲ့ဝေးရာသို့ ခဏတာ အပန်းဖြေခရီးလေး
Houston မြို့က မြို့ကြီးသလောက် အပန်းဖြေ လည်ပတ်စရာ နေရာကြတော့ သိပ်မရှိပါဘူး။ တစ်ချို့ က Houston မှာ အလုပ်လုပ်ရင်း စိတ်ဖိစီးလာရင် တခြား ပြည်နယ်တွေကို ခရီးထွက်ကြပါတယ်။ တစ်ချို့ က ခရီးထွက်ချင်ပင်မဲ့ အလုပ်က ခွင့်သိပ်မရတာ နဲ့ budget အခြေအနေကြောင့်နဲ့ ဆိုရင် Houston မြို့ကြီးနဲ့ ခဏတာ ကင်းလွတ်ရာမှာ စိတ်အေးချမ်း လွတ်လပ်စွာ အပန်းဖြေအနားယူနိုင်တဲ့ နေရာလေးတစ်ခု ကို စည်ပြောပြပါမယ်။ အခုပြောပြမဲ့နေရာလေး က Houston မြို့ကြီး နဲ့ မိုင် ၄၀ အကွာ Navasota မြို့ငယ်လေး အနားမှာရှိပါတယ်။ လိပ်စာကတော့ 17777 Deer Run, Navasota, TX 77868 ဖြစ်ပါတယ်။ Houston